မုန်ညှင်းချဉ် (သို့) ကြံမဆိုင် ပြုလုပ်နည်း

မုန်ညှင်းချဉ်ပြုလုပ်ရန်

မုန်ညှင်းခါး  (၅)ပင်
ဆား  ထမင်းစားဇွန်း(၄)ဇွန်း
ဆန်ဆေးရည် အနည်းငယ် တို့လိုအပ်ပါတယ်

ပြုလုပ်နည်း

မုန်ညှင်းခါးကိုအပင်လိုက်အမှိုက်များကိုစင်ကြယ်သွားအောင်
ရေစင်အောင်ဆေး၍ သန့်ရှင်းသောကြိုးတန်းတစ်ခုတွင်
ရေစစ်အောင်လှန်းထားပါ။
ရေခြောက်သွားပြီဆိုလျှင် ဇလုံတစ်ခုထဲသိုမုန်ညှင်းခါးကို အမြစ်ဖျတ်ပြီး
အပင်လိုက်(သို့)ကြိုက်နှစ်သက်သောအရွယ်ကို လှီးဖြတ်ပြီး
ဆားနှင့်သမအောင်နယ်ပါ။
ထို့နောက်သန့်ရှင်းသော အဖုံးပါပုလင်းလွတ်တစ်လုံးကိုယူ၍
ဆားနယ်ထားသောမုန်ညှင်းခါးကိုဖိထည့်ထားပါ။
နာရီဝက်လောက်ထားပြီး
ထမင်းချက်ရန် ဆေးသောဆန်ဆေးရည်ပထမရည်ကို ထိုဖိသိပ်ထည့်ထားသော
မုန့်ညှင်းခါးပုလင်းထဲသို့ မုန်ညှင်းခါးမြုတ်အောင်ထည့်ပါ။
၇ရက်ခန့်ကြာလျှင် အနံအရသာနှင့်ပြည့်စုံသောမုန်ညှင်းချဉ်ကိုစားသုံးလို့ရပါပြီ။

မုန်ညှင်းချင်ကို ရေထပ်မဆေးပဲ သင့်တော်အရွယ်များလှီ၍
ကြက်သွန်တစ်လုံးဆီသတ်ပြီး ပဲပြား၊ဘဲဥ၊ပဲငံပြာရည်အနောက်
ဆားအနည်းငယ်၊ဟင်းခတ်မှုန့်၊တို့နှင့်ကြော်စားလို့ကောင်းသလို
ကြက်/၀က်သားတို့နှင့်လည်းပြုတ်၍ဟင်းချိုအဖြစ်လည်းသုံးဆောင်နိုင်ပါတယ်။

***** အိမ်မှာကိုယ်တိုင်အလွယ်တကူပြုလုပ်နိုင်တဲ့မုန်ညှင်းချဉ် *****




No comments:

Post a Comment