ပဲပြားဘဲဥအကြွပ်ကြော်(ဟင်းချက်နည်း)

လိုအပ်သောပစ္စည်း -

ပဲပြား -၂ တုံး
ဘဲဥ - ၁ လုံး
ဆီ - ၁၀ ကျပ်သား
အကြော်မှုန့် - ထမင်းစားဇွန်း ၃ ဇွန်း
ကြက်သားမှုန့် - အနည်းငယ်

အချဉ်ရည်လုပ်ဖို့အတွက် လိုအပ်သောပစ္စည်း -

မကျည်းသီးမှည့် - အနည်းငယ်
ဆား - အနည်းငယ်
သကြား - အနည်းငယ်
ကြက်သွန်ဖြူအကြီး - ၂မွှာ
ငရုတ်သီးစိမ်း - အနည်းငယ်
နံနပင် - အနည်းငယ် တို့လိုအပ်ပါတယ်


ပြုလုပ်နည်း -

 (ပဲပြားဘဲဥကြော်ရန်)
ပဲပြားကိုရေဆေးပြီး ဇလုံတစ်ခုထဲသို့ထည့်၍ချေလိုက်ပါ။
ပဲပြားကြေသွားလျှင် ဘဲဥတစ်လုံးကိုဖောက်ထည့်ပြီး ချေထားသောပဲပြားနှင့်အကာရောအနှစ်ပါ
ရောမွှေနယ်လိုက်ပါ။
ထို့နောက် ကြက်သားမှုန့် အကြော်မှုန့်တို့ပါထည့်ပြီး သမအောင်ရောမွှေနယ်လိုက်ပါ။
ပြီးလျှင် သင့်တော်သော အလုံးလေးများလုံး၍ ဆီပူတွင်ကြော်လိုက်ပါ။
ကြော်ပြီး အ၀ါရောင်သန်းလာလျှင် ဆီအိုးပေါ်မှဆယ်၍ ဆီစစ်ထားပါ။

(အချဉ်ပြုလုပ်ရန်)
မကျည်သီးကိုသင့်တော်သလောက်အရည်ဖျော်ထားပါ။
ကြက်သွန်ဖြူကိုအခွံနွှာပြီး ငရုတ်သီးစိမ်းဖြင့်ရောထောင်းပါ။
မကျည်းသီးအဖတ်များကိုဆယ်ပြီး မကျည်းရည်ထဲတွင် ဆား/သကြား အနည်းငယ်စီထည့်ပြီ
ထောင်းထားသော ကြက်သွန်ဖြူ/ငရုတ်သီးတို့ကိုပါထည့်၍ ဇွန်းဖြင့်သမသွားအောင်ရောမွှေပေးပါ။
နံနပင်ကိုရေဆေးပြီး အမြစ်ချွေပြီး ပါးပါးလှီးကာ ဖျော်ထားသော မကျည်းရည်ထဲသို့ထည့်လိုက်ပါ။

ပဲပြားဘဲဥအကြွပ်ကြော်ကို ထမင်းဖြင့်တွဲဖက်၍စားသုံးနိုင်သလို သရေစာအဖြစ်လည်းသုံးဆောင်နိုင်ပါသည်။



No comments:

Post a Comment